အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင်သင်တန်းများဖွင့်လှစ်မှုအခြေအနေ ဖွင့်လှစ်လျှက်ရှိသည့်သင်တန်းများ

၁။ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း

(ပူတာအို၊ ဗန်းမော်၊ လွိုင်ကော်၊ ဘားအံ၊ မြိုင်ကြီးငူ၊ မုဒုံ၊ ရေး၊ အမ်း၊ မူဆယ်၊ လားရှိုး၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ ကွန်ဟိန်း၊ ဆိုက်ခေါင်၊ ခန္တီး၊ ‌လဟယ်၊ နန်းယွန်း၊ ဖြူး၊ ပခုက္ကူ၊ မြိတ်၊ကော့သောင်း၊ ပုသိမ်၊ လပွတ္တာ)

သင်ကြားပို့ချပေးသည့်ဘာသာရပ်များ

(က) စက်ချုပ်ဘာသာရပ်သင်ကြားခြင်း

  • စက်အကြောင်းနှင့် စက်ပစ္စည်းအခေါ်အဝေါ်သင်ကြားခြင်း၊စက်နင်းလေ့ကျင့်ခြင်း။
  • အခြေခံစက်ချုပ်ရိုးများသင်ခြင်း၊ လေ့ကျင့်ခြင်း။
  • အခြေခံလက်ချုပ်ရိုးများသင်ခြင်း။
  • ပေကြိုး၊ပေတံအခေါ်အဝေါ်သင်ခြင်း။
  • သားရေကြိုးတပ်အားကစားဘောင်းဘီတို၊ ဘလောက်စ်အင်္ကျီ(၁)ထည်ချုပ်ခြင်း။
  • ဟာဝေယံရှပ်အင်္ကျီချုပ်ခြင်း။
  • လည်ကတုံးရှပ်လက်တိုအင်္ကျီချုပ်ခြင်း။
  • မိန်းမဝတ်ရင်ဖုံးလက်ပြတ်အင်္ကျီချုပ်ခြင်း။
  • မိန်းမဝတ်ရင်စေ့လည်ထောင်အင်္ကျီချုပ်ခြင်း။
  • အမျိုးသမီး၀တ်ဘလောက်စ်အင်္ကျီ(၃)ထည်ချုပ်ခြင်း။
  • စင်တီနည်းဖြင့် Pattem ရေးဆွဲနည်းသင်ခြင်း။
  • အမျိုးသမီး၀တ်ခေတ်မီဒီဇိုင်းဘလောက်စ် ပုံဆန်းအင်္ကျီ(၃)ထည်ချုပ်ခြင်း။
  • ထမိန်စကဒ်/သုံးလွှာစကဒ်ချုပ်ခြင်း။
  • သတို့သမီးထိုင်မသိမ်း၀တ်စုံ(၁)စုံချုပ်ခြင်း။
  • ယူနီဖောင်းရှပ်လက်ရှည်ချုပ်ခြင်း။
  • ယူနီဖောင်းဘောင်းဘီချုပ်ခြင်း။
  • စတိုင်ဘောင်းဘီချုပ်ခြင်း။
  • တစ်ထပ်ကုတ်ချုပ်ခြင်း။
  • ခေတ်မီမော်တာအထည်ချုပ်ခြင်း။
  • စာမေးပွဲစစ်ဆေးခြင်း။
  • အသိပညာပေးပြင်ပဘာသာရပ်များပို့ချခြင်း။
  • ပြည်ထောင်စုစိတ်ဓာတ်သင်ခန်းစာသင်ကြားခြင်း။

( ခ ) လက်မှု ၂၀ မျိုးသင်ကြားခြင်း

  • ပွဲထိုင်အိတ် ပြုလုပ်ခြင်း။
  • ယိုးဒယားပန်းတောင်း ပြုလုပ်ခြင်း။
  • ခေါင်းအုံးစွပ်ပန်းထိုးခြင်း။
  • တစ်ချောင်းထိုးဖြင့်လက်ကိုင်ပုဝါအနားလိုက်ခြင်း။
  • တစ်ချောင်းထိုးဖြင့် ဗန်းခင်းထိုးခြင်း။
  • တစ်ချောင်းထိုးဖြင့် ဦးထုပ်ထိုးခြင်း။
  • တစ်ချောင်ထိုးဖြင့် သုံးမြှောင့်ပုဝါထိုးခြင်း။
  • ပုလဲသီးဖြင့် ကီးချိန်း၊ ပန်းအိုး၊ တစ်ရူးဘောက်စ်၊ ပိုက်ဆံအိတ်ထိုးခြင်း။
  • နှစ်ချောင်းထိုးအခြေခံသင်ခြင်း။
  • တစ်ချောင်းထိုးလက်ကိုင်အိတ်ထိုးခြင်း။
  • ကတ်ထိုးအိတ်ထိုးခြင်း။
  • မှန်ဇာလက်ဆွဲအိတ်ထိုးခြင်း။
  • စမုတ်ကင်တစ်ရှူးဘောက်စ်ထိုးခြင်း။
  • မှန်ဇာဦးထုပ်ထိုးခြင်း။
  • ကြိုးထိုးပိုက်ဆံအိတ်ထိုးခြင်း။
  • သိုးမွေး Maskထိုးခြင်း။
  • ကတ်ပြားအလှ လက်ကိုင်အိတ်ထိုးခြင်း။
  • ပိတ်စ လက်ကိုင်အိတ်ပြုလုပ်ခြင်း။
  • နိုင်လွန်ချည်ဖိနပ်ပြုလုပ်ခြင်း။
  • ယိုးဒယားလက်ကိုင်ခြင်းပြုလုပ်ခြင်း။

(ဂ) ချက်ပြုတ်နည်း(၆)မျိုး၊ မုန့်လုပ်နည်း(၇)မျိုးသင်ကြားခြင်း

  • ဒေသနှင့်ကိုက်ညီသည့် ဟင်းလျာများနှင့်မုန့်များအားသင်ကြားပါသည်။

၂။ ရိုးရာဂျပ်ခုတ်သင်တန်း (ဘားအံ၊လဟယ်၊နန်းယွန်း)

  • ချည်ဆက်ခြင်း။
  • ချားဆွဲခြင်း။
  • ခေါင်းပေါင်း(ကျား)ရက်လုပ်ရန် ချည်ဆက်ခြင်း၊ ချည်ချခြင်း။
  • ခေါင်းပေါင်း(ကျား)ရက်လုပ်ခြင်း။
  • ခေါင်းပေါင်း(မ)ရက်လုပ်ရန် ချည်ဆက်ခြင်း၊ ချည်ချခြင်း။
  • ခေါင်းပေါင်း(မ)ရက်လုပ်ခြင်း။
  • ခြုံပုဝါရက်လုပ်ရန် ချည်ဆက်ခြင်း၊ ချည်ချခြင်း။
  • ခြုံပုဝါရက်လုပ်ခြင်း။
  • လွယ်အိတ်ရက်လုပ်ရန် ချည်ဆက်ခြင်း၊ ချည်ချခြင်း။
  • လွယ်အိတ်ရက်လုပ်ခြင်း(အပွင့်ကောက်သင်ခြင်း)။
  • ကျားဝတ်အင်္ကျီအတိုရက်လုပ်ရန် ချည်ဆက်ခြင်း၊ ချည်ချခြင်း။
  • ကျားဝတ်အင်္ကျီအတိုရက်လုပ်ခြင်း၊ ရက်ကန်းချေခြင်း။
  • ခေါင်းပေါင်း(ကျား)ရက်လုပ်ရန် ချားဆွဲခြင်း။
  • အတိုင်ရက် အဖောက်သင်ခြင်း။
  • ခေါင်းပေါင်း(ကျား)ရက်လုပ်ခြင်း။
  • ခေါင်းပေါင်း(မ)ရက်လုပ်ရန် ချားဆွဲခြင်း၊ ရက်ကန်းချေခြင်း။
  • အတိုင်ရက် အဖောက် သင်ခြင်း။
  • ခေါင်းပေါင်း(မ)ရက်လုပ်ခြင်း။
  • ခြုံပုဝါရက်လုပ်ရန် ချားဆွဲခြင်း၊ ရက်ကန်းချေခြင်း၊အပွင့်ကောက်သင်ခြင်း။
  • လွယ်အိတ်ရက်လုပ်ရန် ချားဆွဲခြင်း၊ ရက်ကန်းချေခြင်း၊ အတိုင်ရက်ခြင်း။
  • အဖောက်သင်ခြင်း။
  • လွယ်အိတ်ရက်လုပ်ခြင်း။
  • ကျားဝတ်အင်္ကျီရက်လုပ်ရန် ချားဆွဲခြင်း။
  • ကျားဝတ်အင်္ကျီအရှည် ရက်လုပ်ခြင်း၊ ချည်ဆက်ခြင်း၊ ချည်ချခြင်း။
  • မဝတ်အင်္ကျီ(အတို)ရက်လုပ်ခြင်း၊ ချည်ဆက်ခြင်း၊ ချည်ချခြင်း။
  • ဖုန်းလွယ်အိတ် ရက်လုပ်ရန် ချည်ဆက်ခြင်း၊ ချည်ချခြင်း။
  • ဖုန်းလွယ်အိတ် ရက်လုပ်ခြင်း။

၃။ အခြေခံလက်ရက်ကန်းသင်တန်း(မုဒုံ)

  • ချည်ဆက်နည်း(၃)မျိုးလက်တွေ့သင်ခြင်း၊ရက်ကန်းစင်ပစ္စည်း၊အစိတ်အပိုင်းများ ခေါ်ဝေါ်နည်း၊ ချည်ဖြင့် လက်တွေ့ရက်ခတ်နည်းသင်ကြားခြင်း။
  • ဆေးဆိုးခြင်းဘာသာရပ်မှ ချည်အညစ်အကြေးချွတ်နည်းသင်ခြင်း၊ လက်တွေ့ချည်ဆက်ခြင်းနှင့် လက်တွေ့ရက်ကန်းခတ်ခြင်း။
  • ချည်ကို (Azo-Colour)‌ဆေးဆိုးရန် ရေအကြောင်း(Wet-Colour)သင်ကြားခြင်း။
  • ချည်ကို (Azo-Colour)‌ဖြင့် လက်တွေ့ဆေးဆိုးခြင်း။
  • လက်ရက်ကန်းဘာသာရပ်မှပစ္စည်းအမျိုးအမည်၊အသုံးဝင်ပုံသင်ကြားခြင်း၊ချည်ယောက်လုံးချခြင်း။
  • လက်ခတ်တွင်ပါဝင်ကိရိယာများသင်ကြားခြင်း။
  • လက်ခတ်အမျိုးအစား၊ တုံးလုံးချားပုတ်ရာတွင် လိုအပ်သည့်ကိရိယာများ အခေါ်အဝေါ်သင်ကြားခြင်း။
  • လွယ်အိတ်တန်းတင်အတွက်ယောက်လုံးစုံတွင် ယောက်လုံးထောင်သင်ကြားခြင်း။
  • လွယ်အိတ်တန်းအတွက် ချည်ချခြင်း၊ ချားဆက်လက်ပုတ်ခြင်း။
  • ချားပုတ်ပြီး လိတ်တုံးလိတ်ခြင်း၊ လိတ်တုံးလိတ်ပြီး နှပ်ကော်ခြင်း။
  • လွယ်အိတ်တန်းအတွက် ယင်းသွား သွင်းစေခြင်း။
  • လက်တွေ့တန်းတင်နည်းကို လက်တွေ့သရုပ်ပြခြင်း၊ ရက်ခတ်နည်း။
  • ဒီဇိုင်းဘာသာမှ ဒီဇိုင်းကွက်စိတ်၊ အခြေခံဒီဇိုင်း(၃)မျိုး၊ ဗလာဒီဇိုင်းသင်ခြင်း၊ လက်တွေ့သင်ကြားခြင်း။
  • လွယ်အိတ်ရက်ခတ်နည်းသင်ကြားခြင်း။
  • အထည်သင်္ချာမှ ယူနစ်များ ပေါင်းနည်း၊ နုတ်နည်း၊ မြှောက်နည်း သင်ကြားခြင်း။
  • ယောက်လုံးချခြင်း။
  • ရိုးရာတဘက်ရက်နည်းသင်ခြင်း၊ လက်တွေ့ရက်လုပ်ခြင်း။
  • အထည်သင်္ချာမှ အနံယက်ပင်ပေါင်းတင်ခြင်း၊ ယောက်လုံးထောင်ချပုတ်ခိုင်းခြင်း။
  • ဒီဇိုင်းဘာသာမှ ထွေများအကြောင်းသင်ကြားခြင်း၊ လက်ရက်ကန်းဘာသာမှ နှပ်ကော်ခြင်း၊ ယက်သွားသွေးခြင်း၊ ကြိုးဆွဲလက်ခတ်နှင့်လွန်းပျံလက်ခတ် ခြားနား ချက်သင်ခြင်း။
  • ချားပုတ်ခြင်း။
  • လက်ရက်ကန်းဘာသာမှယင်းသွားအမျိုးအစား၊ တပ်ဆင်ရခြင်း အကျိုးကျေးဇူးနှင့် ယင်းသွားသွင်းနည်းသင်ကြားခြင်း။
  • အထည်ဒီဇိုင်းဘာသာမှ ဆာတင်ရေးဆွဲနည်းသင်ကြားခြင်း။
  • ဥပဒေသများကိုရှင်းလင်းပြခြင်း၊ဆေးဆိုးမည့်ချည်မျှင်အမျိုးမျိုးအကြောင်းသင်ကြားခြင်း။
  • ရိုးရာတဘက်ချားပုတ်ခြင်း၊ လွယ်အိတ်တန်း ရက်ခတ်ခြင်း။
  • အထည်သင်္ချာဘာသာမှ အနံယက်ပင်ပေါင်းရှာနည်းသင်ခြင်း။
  • ရိုးရာတဘက်နှပ်ကော်ခြင်း၊ လွယ်အိတ်တန်း ရက်ခတ်ခြင်း။
  • လက်ရက်ကန်းဘာသာမှ ရက်ကန်းကိရိယာများ အသုံးဝင်ပုံနှင့် ချည်ချနည်း၊ ချည်ဆက်နည်းသင်ကြားခြင်း။
  • ဒီဇိုင်းဘာသာမှ ဆာတင်ရေးဆွဲနည်းသင်ကြားခြင်း။
  • ရိုးရာတဘက်ရက်ခတ်ခြင်း၊ လွယ်အိတ်တန်း ရက်ခတ်ခြင်း။
  • လက်ရက်ကန်းဘာသာမှ လက်ခတ်အမျိုးအစားများ၊ လက်ခတ်တွင်ပါဝင်သော ကိရိယာများ အသုံးဝင်ပုံသင်ကြားခြင်း။
  • ဒီဇိုင်းဘာသာမှ ဆာတင်(၅)မျိုးနှင့် နှပ်ကော်နည်းသင်ကြားခြင်း။
  • အထည်သင်္ချာမှ အနံယက်ပင်ပေါင်းရှာနည်းသင်ခြင်း၊ အတိုင်း၊ အရှည်ကိုက်ရှာနည်း သင်ကြားခြင်း။
  • ဆေးဆိုးဘာသာမှ တိုက်ရိုက်ဆေးဆိုးနည်းသင်ကြားခြင်း။
  • ဒီဇိုင်းဘာသာမှ နှပ်ကော်ခြင်းနှင့် ဆေးဆိုးဘာသာမှ (SULPHUR COLOUR) သင်ကြားခြင်း၊ လက်တွေ့ပြုလုပ်ခြင်း။
  • ဆေးဆိုးဘာသာမှ ကောဆာတင်နည်းသင်ကြားခြင်း၊ လက်တွေ့ပြုလုပ်ခြင်း။
  • လက်တွေ့လွယ်အိတ်တန်း ချားလိတ်စေခြင်း။
  • လက်ရက်ကန်းဘာသာမှယင်းသွားနံပါတ်တပ်ခြင်း၊ ယင်းသွားသွင်းခြင်းအကြောင်း သင်ကြားခြင်း။
  • အထည်လက်တွေ့ရက်ခတ်ခြင်း။
  • လက်ရက်ကန်းဘာသာမှ ချည်ချနည်း၊ ချည်ဆက်နည်းသင်ကြားခြင်း။
  • အထည်သင်္ချာမှအတိုင်းအရှည်ကိုက်ရှာပြီး လက်တွေ့ရက်ခတ်နည်းသင်ကြားခြင်း။
  • အထည်ဒီဇိုင်းဘာသာမှ သရက်ကင်းဒီဇိုင်းအတိုင်ပေါ်ဖောက် ဒီဇိုင်းများ အကြောင်း သင်ကြားခြင်း။
  • ဆေးဆိုးဘာသာမှ အရံဓါတ်ဆေးများအကြောင်းသင်ကြားခြင်း။
  • အထည်ဒီဇိုင်းဘာသာမှ ခြေနင်းနှပ်ကျထုတ်ခြင်းအကြောင်းသင်ကြားခြင်း၊ လက်တွေ့ ရက်ခတ်ခြင်း။
  • အထည်ဒီဇိုင်းဘာသာမှသရက်ကင်းဒီဇိုင်းအတိုင်ပေါ်ဖောက် ဒီဇိုင်းများအကြောင်း၊ ဆေးဆိုးဘာသာမှ အရံဓါတ်ဆေးများအကြောင်းကြားသင်ခြင်း၊ လက်တွေ့ ရက်ခတ်ခြင်း။
  • လက်ရက်ကန်းဘာသာမှ တုံးလုံးချားပုတ်ရာတွင် လိုအပ်သောကိရိယာများ အသုံးဝင်ပုံသင်ကြားခြင်း၊ ရက်ခတ်ခြင်း။
  • ဆေးဆိုးဘာသာမှ ကော်ဆာသင်နည်းအကြောင်းသင်ကြားခြင်း။
  • အထည်ဒီဇိုင်းဘာသာမှ ဒီဇိုင်းများ ပေါင်းစပ်ခြင်းအကြောင်းသင်ကြားခြင်း၊ ရက်ခတ်ခြင်း၊ ချည်ချခြင်း။
  • အထည်ဒီဇိုင်းဘာသာမှ ဒီဇိုင်းများပေါင်းစပ်ခြင်း၊ လက်ရက်ကန်းဘာသာမှ တုံးလုံးချားနှင့် အတိုင်ရှည်သင်ကြားခြင်း။
  • အထည်သင်္ချာဘာသာမှ အတိုင်းအရှည်ကိုက်ရှာနည်းသင်ခြင်း၊ အနံလက်မရှာနည်း သင်ကြားခြင်း၊ ရက်ခတ်ခြင်း၊ချားဆွဲခြင်း၊ချားလိပ်ခြင်း။
  • အထည်သင်္ချာဘာသာမှ အနံလက်မရှာနည်းသင်ကြားခြင်း။
  • လက်ရက်ကန်းဘာသာမှ တုံးလုံးချားပုတ်ရာတွင် သတိပြုရမည့်အချက်များ သင်ကြားခြင်း၊ နှပ်ကော်ခြင်း၊ရက်ခတ်ခြင်း။
  • ဆေးဆိုးဘာသာမှ သဘာဝဆိုးဆေးများအကြောင်းနှင့် အထည်သင်္ချာဘာသာမှ ယင်းသွားနံပါတ် ရှာနည်းသင်ကြားခြင်း၊နှပ်ကော်ခြင်း၊ရက်ခတ်ခြင်း။
  • ယင်းသွားသွင်းခြင်း၊ ရက်ခတ်ခြင်း၊ လက်တွေ့ရက်ခတ်ခြင်း။