အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)၌ သက်မွေးပညာသင်တန်းများ တက်ရောက်ပြီးသော အမျိုးသမီးငယ် ဦးရေ ၃၂၉၀ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်

ပခုက္ကူ၊ သက်မွေးပညာ
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း(ပခုက္ကူ)၌ အမျိုးသမီးများအတွက် အဆင့်မြင့်စက်ချုပ်ပညာ သင်တန်းများအပြင် အခြေခံလက်မှုပညာ သင်တန်း၊ မုန့်လုပ်နည်းသင်တန်း၊ ဟင်းလျာချက်ပြုတ်နည်း သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ လက်ရှိအချိန်ထိ အမျိုးသမီးငယ်သင်တန်းသူ ၃၂၉၀ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ပခုက္ကူ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်၏ ပြောကြားချက်အရသိရသည်။
ယင်းသင်တန်းကျောင်း၌ ကျောင်းတွင်းသင်တန်းများအပြင် ပြင်ပအသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန် လူကုန်မှုတားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ သတင်းအမှားအမှန်ခွဲခြားနိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ ကြက်ခြေနီ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြားခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
    ထိုသင်တန်းကျောင်းကို ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်ထိ အခြေခံအိမ်တွင်းမှု သင်တန်းတက်ရောက်ပြီးသူ ၁၉၅၄ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်း တက်ရောက်ပြီးသူ ၇၆၀ ဦး၊ ကြိမ်/ဝါးသင်တန်း တက်ရောက်ပြီးသူတစ်ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း တက်ရောက်ပြီးသူ ၃၇၅ ဦး၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းတက်ရောက်ပြီးသူ ၂၀၀ ဦး၊ စုစုပေါင်းသင်တန်းသူ ၃၂၉၀ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ 
 

Post Paragraph