May 2016

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊     မေ လ  ၃၁  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၃၀-၅-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက် ရှိ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံခဲ့ပါသည်။

standard

ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းဖွင့်ပွဲကျင်းပ

၂၀၁၆ ခုနှစ်၊ မေလ ၃၀
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၂)ကို သင်တန်းသူ (၁၀၁)ဦးဖြင့် (၃၀.၅.၂၀၁၆) ရက်နေ့၊ တနင်္လာနေ့၊ နံနက်(ဝ၈:ဝဝ) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေလ  ၂၇  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား အား ယနေ့နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရက်(၁၀၀) စီမံကိန်းလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နေမှု ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မေလ   ၂၆  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ကိုင်ဆောင်ရွက်နေသောလုပ်ငန်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အတွက် ရက် (၁၀၀) စီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၁၀) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးများ တက်ရောက် ခဲ့ကြပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးလာရောက်တွေ့ဆုံ

နေပြည်တော် မေလ   ၂၅  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick သည် ယနေ့နေ့လည် (၁) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard