November 2016

ငြိမ်းချမ်းခြင်းမှသည် ဖွံ့ဖြိုးတိုးတက်ခြင်းဆီသို့ (၁)

Unity is strength.စည်းလုံးခြင်းသည်ခွန်အားဟု အဓိပ္ပာယ်ဆောင်သည့် အနီရောင်အောက်ခံပေါ်မှာ အဖြူရောင်စာလုံးဖြင့်ရေးသားထားသော စာတန်းလေးတစ်ခု။ ထိုအနီရောင်တောက်တောက် စာတန်းလေးရှေ့ ချထားသည်က အချင်းနှစ်ပေ၊ အမြင့် သုံးပေခန့်ရှိ ယမနေသားဖြင့် ထွင်းထုထားသော သားအဖနှစ်ဦးပါဝင်သည့် ထင်းစည်းချိုးရုပ်တုတစ်ခု။ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအပေါ်ထပ်သို့ အတက်အဆင်းပြုလုပ်သော လှေကား၏အလယ်တွင် ခန့်ခန့်ထည်ထည်တည်ရှိနေသည့် ထိုရုပ်တုလေးကို လွန်ခဲ့သော ၁၇ နှစ်ခန့်က ကျွန်တော်ကိုယ်တိုင် ဒါးပိန်မြို့မှ ပန်းပုပညာရှင်များနှင့် ဆက်သွယ်အပ်နှံ ထုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

standard

ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းအမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ခေတ်မီမော်တာ အထည်ချုုပ်စက် သင်တန်းအမှတ်စဉ် (၁၅) ဆင်းပွဲအခမ်းအနားအား (၁၅-၁၁-၂၀၁၆) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

standard

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးအား JICA မှ Mid-term Evaluation Mission အဖွဲ့ခေါင်းဆောင်ဖြစ်သူ Dr. KITANI နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၁၅
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးအား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရှမ်းပြည်နယ် (မြောက်ပိုင်း) စီမံကိန်းအား ဆန်းစစ်အကဲဖြတ်မှု ဆောင်ရွက်မည့် Mid-term Evaluation Mission အဖွဲ့ခေါင်းဆောင်ဖြစ်သူ Dr. KITANI နှင့် အဖွဲ့တို့မှ ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိူးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား နော်ဝေနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာလ  ၁၁  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား နော်ဝေ နိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes သည် ယနေ့နေ့လည် (၂) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard