July 2017

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၁၇)ဖွင့်လှစ်

နေပြည်တော်၊ ဇူလိုင်လ  ၃၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ဝန်ထမ်းများ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၁၇)ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်(၀၈:၀၀)နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်အမှာ စကားပြောကြား ခဲ့ပါသည်။

standard

ရှမ်းပြည်နယ်(မြောက်ပိုင်း) အစားထိုး သီးနှံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း တွဲဖက်ဝန်ထမ်းများအတွက် ပထမအကြိမ် အစားထိုးဖွံ့ဖြိုးရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနား

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၆ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အစားထိုး သီးနှံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏ စီမံကိန်း တွဲဖက် ဝန်ထမ်းများအတွက် ပထမအကြိမ် အစားထိုးဖွံ့ဖြိုးရေး ဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၉) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

standard

ရှမ်းပြည်နယ် (မြောက်ပိုင်း) အစားထိုးသီးနှံစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏ ပဉ္စမအကြိမ် စီမံကိန်းပူးတွဲ ညှိနှိုင်းရေးကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၅
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အစားထိုး သီးနှံစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း၏ ပဉ္စမအကြိမ် စီမံကိန်း ပူးတွဲညှိနှိုင်း ရေးကော်မတီအစည်းအဝေးအား ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ အမရဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ သတ္တမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင်လ ၂၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နှင့်ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုတို့၏ သတ္တမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မစ္စယန်ဟီလီ လာရောက်တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ သည် ယနေ့နေ့လည် (၃) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard