December 2017
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်း၊ ဘုတ်ပြင်း၊ ဇာဒက်ကြီးကျွန်း မြို့နယ်များသို့ (၁၆-၁၂-၂၀၁၇)ရက်နေ့မှ (၂၀-၁၂-၂၀၁၇) ရက်နေ့အထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အလုပ်သဘော လေ့လာရေးခရီးသွားရောက်ရန် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ
နေပြည်တော်၊ ဒီဇင်ဘာ ၁၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်သော နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပီကင်းမြို့သို့ အလုပ်သဘောလေ့လာရေးခရီး သွားရောက်ရန် ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားကြရာ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။