December 2018

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယာဉ်/ယန္တရားများ စုဖွဲ့ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ  ၁၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက်  ယနေ့နံနက်ပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ စုဖွဲ့သိုလှောင်ထားရှိသည့် ယာဉ်/ယန္တရားများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP ၏ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၁၃
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ကုလ သမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP ၏ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Haoliang Xu နှင့်အဖွဲ့အား ယနေ့ နံနက် (၁၁) နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရောဂါ ဖြစ်ပွားသည့် ဒေသခံပြည်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၈

          နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ချောင်းဆိုး၊ ရင်ကြပ်ရောဂါဖြစ်ပွားသည့် ဒေသခံပြည်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် နန်းယွန်း မြို့နယ်၊ ရန်နောနုတ်ညိုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် Terra People Association (TPA) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာလ ၄ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Terra People Association (TPA) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားအား ယနေ့ (၁၁:၀၀) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Terra People Association မှ Country Representative ဖြစ်သူ Ms. SHIBATA Kyoko နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

standard