February 2026

ကျိုက်ထိုမြို့နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသနေပြည်သူများ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးအတွက် လမ်းတံတားလုပ်ငန်းများကို နှစ်စဉ်ဘဏ္ဍာငွေများ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း ကြာဖြူ-ကျိုက်ပိလမ်း နှစ်မိုင်အနက် လေးဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်း ကျိုက္ကသာ- စွပ္ပနူးလမ်း  ပေ ၃၀၀၀ ကတ္တရာ ခင်းခြင်းနှင့် အဆိုပါလမ်းပေါ်တွင် လေးပေ Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် မယ်ပုတ်- ကျားကိုက်- မလန်ပိုင် ကျေးရွာချင်းဆက်လမ်း ၁၀ မိုင်အနက် မြေသားလမ်း ၃ မိုင် ဖောက်လုပ်ခြင်းနှင့် ၅x၅x၂၆ ပေ Box Culvert ၁၂ စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

standard

တန့်ယန်းမြို့နယ် လုံမုံကျေးရွာအုပ်စု ကျေးရွာချင်းဆက်လမ်း ဗြုန်းကျောက်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

    ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် လုံမုံကျေးရွာအုပ်စု ကျေးရွာချင်းဆက် ဗြုန်းကျောက်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သည်။

standard

မိတ္ထီလာမြို့နယ်အတွင်း ‌ဆောင်ရွက်ပေးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်း‌ဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် သီးပင်ကုန်းကျေးရွာမှ အောင်သုခဓမ္မရိပ်သာသို့ ဆက်သွယ်ထားသည့် မြေသားလမ်း ၁ မိုင် ၃ ဖာလုံအနက် ၄ ဖာလုံကို ၁၂ ပေ အကျယ် ကွန်ကရစ်ခင်းခြင်း၊ အဆိုပါလမ်းပေါ်တွင် (၅x၅x၂၆) ပေ Box Culvert နှစ်စင်း တည်ဆောက်ခြင်း၊ အောင်သုခဓမ္မရိပ်သာကျောင်းဝင်းအတွင်း မော်တော် ဆိုင်ကယ်သွား မြေသားလမ်း ၁ ဖာလုံကို ၁၀ ပေအကျယ်ကွန်ကရစ်ခင်းခြင်း လုပ်ငန်းမျ

standard

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်ထိုက်- လွယ်ပန်တောင်း- အင်ဂိုလုံမြေလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်‌ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်ထိုက်- လွယ်ပန်တောင်း- အင်ဂိုလုံ မြေလမ်း ၃၃/၅ မိုင်ပေါ်တွင် ၀/၄ မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ( ကျိုင်းတုံ)မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

standard