April 2024

ပြည်ထောင်စုဝန်ကြီးများ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ၊ ရှေး ဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု လှည့်လည်စစ်ဆေး

    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ၌ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပုဂံမြို့ဟောင်းကျုံး တူးဖော် ထိန်းသိမ်းမှုအခြေအနေများကို

standard

အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)မှ သင်တန်းသူ ၂၄၀၀ ကျော်ကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးငယ်များအတွက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ မွန်ရိုးရာလက်ရက်ကန်းသင်တန်း များအပြင် အခြား အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ နှစ်စဉ် ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ဧပြီလ ၂၈ ရက်အထိ သင်တန်းသူ ၂၄၉၂ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ ကြောင်း သိရသည်။

standard

လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဆောင်ရွက်သော လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

    ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၈၅ ဒသမ ၉၃၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ သံကူကွန်ကရစ်တံတား လေးစင်း၊ Box Culvert ၁၈ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ် စောငွေ-ပါဆွေထ-ထီးရောသေးထ-မဲလရောထ-မဲလ‌ရော-ထီးကနဲထ-ထီးကနဲ ကျေးရွာချင်းဆက် ၁၁/၄ မိုင်ပေါ်တွင် ၃/၀ မိုင် မြေသား‌ ဖော်လုပ်ခြင်း၊ ၁၀ ပေ တံတားနှစ်စင်း တည်ဆောက်ခြင

standard

ရေးမြို့နယ် စုံနံ့သာ-အပလွိုင်-စုံပဒေါက်-ကံလှလမ်း ၁ မိုင် ၄ ဖာလုံကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ရေး၊ဧပြီ ၂၇ 
   နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသများတွင် လူမှုစီးပွားဘဝ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ ရေးမြို့နယ်စုံနံ့သာ-အပလွိုင် -စုံပဒေါက်-ကံလှလမ်း ၈ မိုင်အနက် ၁ မိုင် ၄ ဖာလုံ ကတ္တရာခင်းခြင်း လုပ်ငန်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၄၈ ဒသမ ၈၄၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်သည်။ 

standard

မိုင်းခတ်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီး

   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ မိုင်းခတ်-မိုင်းညှင်းလမ်း ၂၂/၀ မိုင်အနက် ၂/၀ မိုင် ကျောက်လမ်းပြင်/ထိန်း ဆောင်ရွက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး ဆောင်ရွက်မှုကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများက ဧပြီ ၂၆ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

standard