April 2024

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်၊ ဆွတ်ဝိုးကျေးရွာ အုပ်စု၊ ပန်ဖိန်း-ပန်ကောက်-ရောင်ပန် ကျေးရွာချင်းဆက် ၁၂/၀ မိုင် မြေလမ်းပေါ်ရှိ ဝမ်ပုံရွာအဝင် နမ့်လချောင်းနှစ်လွှာ တစ်ထပ် ပေ ၅၀ ဘေလီတံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုအား မက်မန်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ဧပြီ ၂၂ ရက် က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

standard

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၀၂ ဒသမ ၉၈၀ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ခန္တီး- တိန်းအင်- လက်ပံသာ-မှန်ပင်- ကောင်းမှု- ဖောင်ဆိုင်- ပဒူးမုန်း ရွာသစ် မြေသားလမ်းမိုင် ၂၀ ပေါ်၌ ၅ မိုင်အမာခံလမ်းခင်း ခြင်းနှင့် Box Culvert ငါးစင်းတည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။

standard

ကျိုက်မရောမြို့နယ်၊ ကြီးအုပ်-ညောင်ကုန်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

    နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၂၅ ဒသမ ၇၈၉ သန်းဖြင့် ဆောင်ရွက်ခဲ့သော မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ကြီးအုပ်-ညောင်ကုန်းလမ်း ၇ မိုင် ၄ ဖာလုံအနက် ၃ မိုင်ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။

standard