နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် နိုင်ငံတစ်ဝန်း သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေကြောရှာဖွေစက်နှင့် ရေတွင်းတူးစက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး သင်တန်းဖွင့်ပွဲတက်ရောက်
နေပြည်တော် ဧပြီ ၁
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညို နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ကျင်းပပြုလုပ်သည့် နိုင်ငံတစ်ဝန်း သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေကြောရှာဖွေစက်နှင့် ရေတွင်းတူးစက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။