ကော့သောင်းမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇) ဖွင့်လှစ်
ကော့သောင်း အောက်တိုဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကော့သောင်းမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၈ တွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက်ရှိ အိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။