October 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ - ၁၆
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့ညပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီလဟာပြင်ဇာတ်ရုံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၄ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့ လာ  “မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။

standard

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၅
    တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က Video Message ပေးပို့၍  မိန့်ခွန်းပြောကြားသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာနှင့် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာသည် ရေနစ်မြှပ်ပျက်စီးခဲ့သော ဒေသများဖြစ်သည့် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သနပ်ပင်ဆိပ် (အရှေ့) ကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စုများ၊ တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းရွာ၊ ကျို့ပင်ကုန်းရွာ၊ ကံကြီးကျေးရွာတို့ရှိ ရေ‌ဘေးသင့် အိမ်ထောင်စုများအတွက် ဆန်တစ်တင်းခွဲအိတ် ၄၂ အိတ်၊ ဆီ ပိဿာ ၂၀၀၊ မီးဖိုချောင်သုံး ပစ္စည်းများဖြစ်သည့် ဒန်အိုးအစုံ ၃၀ ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ မနှင်းဆီကျောင်း ရေဘေးကယ်ဆယ်‌ရေးစခန်း၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ဘိုးဘွားရိပ်သာ ရေဘေးကယ်ဆယ်ရေးစခန်း နှင့် မဟာဇနကကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတို့ရှိ ရေဘေးသင့် ပြည်သူများ အတ

standard