December 2024

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပ

ဒီဇင်ဘာလ ၁၁ ရက်
   နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

standard

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း အိန္ဒိယသမ္မတနိုင်ငံ၏အကူအညီ Quick Impact Projects ဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

    မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအရ နှစ်နိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အခြေခံအဆောက်အဦ(လမ်း/တံတား)၊ ပညာရေးနှင့် ကျန်းမာရေးစသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီ ဖြင့် “ မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ(Quick Impact Projects-QIPs) ” အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ကြား နားလည်မှုစာချွန်လွှာ MOU လက်မှတ် ရေးထိုးဆောင်ရွက်ခဲ့သည့် လဟယ်မြို

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ဆွမ်း နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

    နိုင်ငံတော်ပရိယတ္တိ သာသနတက္ကသိုလ် (ရန်ကုန်) တွင် သီတင်းသုံးလျက်ရှိသော သင်ကြား/ စီမံဆရာတော်များ နှင့် ပြည်တွင်း/ပြည်ပ သာသနာပြုကြမည့် သံဃာတော်အရှင်သူမြတ် အပါး ၄၅ဝ တို့အား နယ်စပ်ရေးရာဝန်ကြီးဌာန တစ်နေ့တာ အရုဏ်ဆွမ်း ၊ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့ နယ်၊ ကမ္ဘာအေးကုန်းမြေ မိုးကုတ်ဆွမ်းစားဆောင်၌ ကျင်းပရာ ပြည်ထောင်စုတိုင်းရင်းသားလူငယ် များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)  ကျောင်းအုပ်ကြီး ဦးထိန်လင်း နှင့် တာဝန်ရှိသူများ က တစ်နေ့တာ ဆွမ်းနှင့်

standard

ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရရှိသည့်အတွက် ရေဖြူကျေးရွာ တောင်သူများ ဆောင်းသီးနှံများပါ စိုက်ပျိုးလာနိုင်

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရေဖြူ ကျေးရွာအုပ်စု၊ ရေဖြူ(အလယ်စု)ကျေးရွာတွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းမှာ ရာနှုန်းပြည့် အကောင်အထည်ဖော်ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
    အဆိုပါလုပ်ငန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပေါင်းလင်းကျေးရွာ အုပ်စု၊ သာယာကုန်းကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန် ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

standard