July 2025

လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော

ပခုက္ကူ ဇူလိုင် ၂၇
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဇူလိုင်လ ၂၆ ရက်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပသည်။

standard

မုဒုံမြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြသခြင်းဆောင်ရွက်

   နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံမြို့နယ်)တွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြသခြင်းအခမ်းအနားကို ယမန်နေ့က သင်တန်းကျောင်း၌ ပြုလုပ်သည်။
   ဟောပြောပွဲတွင် မုဒုံမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက သဘာဝဘေး အန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ၊ သဘာဝဘေး အန္တရာယ်များမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

standard

ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

   နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဝါတွင်းကာလသီတင်းသုံးတော်မူကြသည့် သံဃာတော်များ ဆွမ်း၊ ကွမ်းအခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

standard

ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ပခုက္ကူ ဇူလိုင် ၂၀
    နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး‌ရေးသင်တန်းကျောင်း၌ ဇူလိုင်လ ၂၀ ရက်တွင် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပပြုလုပ်

ဇူလိုင်လ ၁၈ ရက်
    ငါးသယံဇာတများတိုပွားလာစေရေးနှင့် ငါးမျိုးများ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဧရိယာအတွင်းရှိ တစ်ဖက်ပိတ်ဆည်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

standard