မုဒုံမြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြသခြင်းဆောင်ရွက်

   နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံမြို့နယ်)တွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြသခြင်းအခမ်းအနားကို ယမန်နေ့က သင်တန်းကျောင်း၌ ပြုလုပ်သည်။
   ဟောပြောပွဲတွင် မုဒုံမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက သဘာဝဘေး အန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ၊ သဘာဝဘေး အန္တရာယ်များမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
   ဆက်လက်၍ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလက်တွေ့မီးငြှိမ်းသတ်နည်းများကို ဆောင်ရွက်ရာ သင်တန်းကျောင်းရှိ နည်းပြဆရာမ များနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
 

Post Paragraph