August 2026

တွန်းဇံမြို့၌ ၃၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးချိန် တိုးမြှင့်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

တွန်းဇံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲတွင် မြို့မိမြို့ဖများက တယ်လီဖုန်းလိုင်းရရှိရေး၊ လျှပ်စစ်မီးရရှိရေးတင်ပြကြရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက တယ်လီဖုန်းလိုင်းများ ပြန်လည်ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီးအနေဖြင့် တွန်းဇံမြို့တွင် ၃၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် နေ့စဉ် ည ၇ နာရီမှ ၉ နာရီခွဲအထိ အချိန်ပိုင်းဖြန့်ဖြူး ပေးလျက်ရှိကြောင

standard

ဖလမ်းမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁
ချင်းပြည်နယ် ဖလမ်းမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၊ တောင်ဇလပ်လမ်း၊ အေဒီ၂၀၀၀ ဂျူဗလီလမ်းနှင့် ဗန်ကာအိုတောင် လမ်းဘေးဝဲယာတို့တွင် အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားခြင်းနှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း တို့ကို ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ကြသည်။

standard