စက်တင်ဘာလ ၁၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အမှတ် ၂ ခရိုင်ချင်းဆက်လမ်း ပေါ်ရှိ ကရဝေးဆိပ် ကျေးရွာမှ ကျောက်လုံးကြီး ကျေးရွာသို့ ဆက်သွယ်သော လမ်းအရှည် ၈ မိုင်အနက် ၂ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၁၅ ဒသမ ၆၇၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်သည်။
အဆိုပါ လမ်းသည် ယခင်က မိုးရာသီကာလတွင် မော်တော်ယာဉ်များ သွားလာ၍ မရဘဲ ဒေသခံများအနေဖြင့် ဆိုင်ကယ်များကိုသာ အသုံးပြု၍ အခက်အခဲများစွာဖြင့် သွားလာနေရ သောလမ်းဖြစ်ပြီး ယခုအခါ ကျောက်ခင်းလမ်း ဖောက်လုပ်ပေးခဲ့ခြင်းကြောင့် ကရဝေးဆိပ်၊ ကျောက်ပုံ၊ ဝင်းသောင်၊ သက္ကယ်ကျင်း၊ ကျောက်လုံးကြီးကျေးရွာ ၅ ရွာရှိ အိမ်ထောင်စု ၃၉၇စု၊ လူဦးရေ ၁၈၃၇ ဦး အသုံးပြုနိုင်မည့် ရာသီမရွေးသွားလာနိုင်သော ကျေးရွာချင်းဆက်လမ်း အဖြစ်လည်းကောင်း၊ ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်မီ တင်ပို့နိုင်မည့် စီးပွားရေး အထောက်အကူပြု ကုန်ထုတ်လမ်းအဖြစ်လည်းကောင်း အကျိုးပြုလျက်ရှိကြောင်း သတင်း ရရှိသည်။