
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်ဦးနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် ၅၀ ရပ်ကွက်ရှိ အောင်မြေရတနာ ပရိယတ္တိစာသင်တိုက်တွင် ဝါတွင်းကာလ ဝါဆိုတော်မူသော သံဃာတော်များ၊ စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို ယနေ့တွင် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများတွင် ဆွမ်း၊ ကွမ်း၊ အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Post Paragraph
Paragraph Images

