ဗန်းမောက်မြို့နယ်အတွင်း ကျောက်လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်

ဗန်းမောက် ဧပြီ ၂၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၂၇ ဒသမ ၁၅၆ သန်းဖြင့် ကသာ ခရိုင်၊ဗန်းမောက်မြို့နယ်၊ကနန်း-မူးသာ-လယ်ပဒုံလမ်းပေါ်တွင် နှစ်မိုင်ကျောက်လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
 

Post Paragraph