ဗန်းမောက်မြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်

စက်တင်ဘာလ      ရက်

          စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဗန်းမောက် - ပန်းတော - မံထုံလမ်း၊ ပန်းတောရွာမှ မံထုံရွာကြား ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဗန်းမောက်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။

          အဆိုပါလမ်းမှာ ယခင်ကမြေသားလမ်းအဆင့်တွင် သွားလာရေးခက်ခဲသဖြင့် ပြုပြင် ဆောင်ရွက်ပေးနိုင်ပါရန် ဒေသခံ ပြည်သူများ၏ တင်ပြတောင်းဆိုချက်အရ နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၉၂ ဒသမ ၇၄၇ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။