ဗန်းမောက်မြို့နယ်အတွင်းရှိ ယာယီသစ်လုံးတံတားများအား သံကူကွန်ကရစ် တံတားများအဖြစ် ဆောင်ရွက်ပေး

စက်တင်ဘာလ ၁ ရက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ကနန်း - မူးသား - လယ်ပဒုံး လမ်းပေါ်ရှိ မံနားကျေးရွာနှင့် ကနန်း ရွှေကျောင်းကျေးရွာကြားတွင် ယခင်က ယာယီ သစ်လုံး တံတား ၄ စင်းသာ ဆောင်ရွက်ထားရှိခဲ့ရာ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ် ရေးအခက်အခဲများ များစွာဖြစ်ပေါ်ခဲ့ပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနသည် အဆိုပါယာယီ သစ်လုံးတံတားများကို ၂၀ ပေ သံကူကွန်ကရစ်တံတား ၄ စင်းအဖြစ် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၄၆ ဒသမ ၂၄၀ သန်းဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်းသိရှိရသည်။

          အဆိုပါ ၂၀ ပေ သံကူကွန်ကရစ်တံတား ၄ စင်း ဆောင်ရွက် ပေးနိုင်ခဲ့မှုကြောင့် ဒေသတွင်း နေထိုင်လျက်ရှိသော တိုင်းရင်းသား ကဒူး၊ ကနန်း ညီအစ်ကိုမောင်နှမများနှင့် ဒေသခံ ပြည်သူများ အနေဖြင့် ဗန်းမောက်နှင့် ပင်လည်ဘူးမြို့များသို့ အလွယ်တကူ သွားလာ၍ ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်နိုင်ပြီဖြစ်သဖြင့် ဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်း သိရှိရ သည်။

Post Paragraph