ဗန်းမော်မြို့ သီရိမင်္ဂလာကန်ဦးပရိယတ္တိ စာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီနှင့်ကုလားပဲများ ဆက်ကပ်လှူဒါန်း

ဗန်းမော် ဧပြီ ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဗန်းမော်မြို့ သီရိမင်္ဂလာကန်ဦး ပရိယတ္တိစာသင်တိုက်ရှိ စာသင်၊ စာချသံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် ကုလားပဲများအပြင် ဆွမ်းဝေယျာဝစ္စအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သံဃာတော်၊ သီလရှင်များအား ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့် ကုလားပဲများကို ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်း ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

Post Paragraph