
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်း မယ်ပုတ်-ကျားကိုက်-မလန်ပိုင် ကျေးရွာချင်း ဆက်လမ်း ၁၀ မိုင် အနက် ၄ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပိုင်းပေါ်တွင် Box Culvert ရှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းပြီးစီးမှုများကို ခန္တီးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ Z.CO ကုမ္ပဏီမှ တည်ဆောက်ရေးတာဝန်ခံအင်ဂျင်နီယာတို့နှင့် တာဝန်ရှိသူတို့က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
Post Paragraph
Paragraph Images


video-upload