ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ကိုးကန့်၊ ဒေသဖွံ့ဖြိုးရေး
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၇၆၀၃ ဒသမ ၁၈၅ သန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
    အဆိုပါလုပ်ငန်းများကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်း မြေလမ်း ၂၂/၄ မိုင်၊ ကျောက်လမ်း ၁၄/၆ မိုင်၊ ကတ္တရာထပ်ပိုးလွှာ ၇/၆ မိုင်၊ ကျောက်လမ်း ပြင်/ထိန်း ၅ မိုင်၊ ဖြုန်းလမ်း ၁၈ မိုင်၊ တံတား ၅ စင်း၊ ပေ ၈၀ ရှိသည့်ချောင်းရေကျော် တံတား ၁ စင်း၊ Box Culvert ၁၇၉ စင်း၊ မြေထိန်းနံရံ ၆ ခု၊ စာသင်ကျောင်းနှစ်ကျောင်း၊ ဘုန်းကြီးကျောင်း ငါးကျောင်း၊ သီလရှင်ကျောင်း တစ်ကျောင်း၊ စိုက်ပျိုးရေးအတွက် ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်းငါးခု၊ သောက်သုံး‌ရေရရှိရေးလုပ်ငန်းလေးခုနှင့် အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း ၁၀ ခုတို့အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
    ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် နယ်စပ်ဒေသနေ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အထောက်အကူများ၊ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph