
စစ်ကိုင်း ဇွန် ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊စစ်ကိုင်းမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုး များကောင်းစွာ သိရှိပြီး မိမိကိုသာမက မိမိပတ်ဝန်းကျင်များပါ မူးယစ်ဆေးဝါးအန္တရာယ် အစဉ်အမြဲကာကွယ်နိုင်ရန်ရည်ရွယ်၍ အမှတ် (၈) မူးယစ်တပ်ဖွဲ့စု၊ စစ်ကိုင်းလှုပ်ရှားအဖွဲ့မှ ဒုတိယရဲမှူးအောင်ကျော်စိုးက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ၁၂.၆.၂၀၂၃ ရက်နေ့နံနက်၀၉:၃၀နာရီတွင် ဒီဂရီကောလိပ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။
ယနေ့လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ရင်ဆိုင်နေရမှုများ၊ မူးယစ်ဆေးဝါးစာရင်းတွင် ပါဝင်နေသော ဆေးဝါးများ၊ မူးယစ်ဆေးဝါးကြောင့် ဘဝပျက်ခဲ့ရမှုများ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပွား တတ်သောရောဂါများနှင့် သုံးစွဲထားသူ၏ သွင်ပြင်လက္ခဏာများ၊ မူးယစ်တပ်ဖွဲ့ခွဲနှင့် မူးယစ်တပ်ဖွဲ့စု ဖွဲ့စည်း၍ နိုင်ငံတော်မှ ကာကွယ်ရေးဆောင်ရွက်နေမှုများ၊ ထုတ်လုပ်မှုပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေး နှင့် တားဆီးနှိမ်နင်းရေးနည်းဗျူဟာ ၃ ရပ် ချမှတ်၍ တားဆီးဆောင်ရွက်နေမှုများကို ဖြစ်စဉ်သာဓကများ ဖြင့်တကွ ဆွေးနွေးပြောကြားသွားပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခြင်း၊ ပြန်လည်ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းအုပ်ကြီးနှင့်တကွ ဆရာ၊ ဆရာမ၊ ဝန်ထမ်း (၁၇၅)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၁၂၂၃)ဦး စုစုပေါင်း (၁၃၉၈)ဦး တက်ရောက်ခဲ့ပြီး ၁၂:၀၀နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

