ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

စစ်ကိုင်း ဇူလိုင် ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်-စစ်ကိုင်း၌ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
    အဆိုပါ အခမ်းအနားသို့ ကျောင်းအုပ်ကြီး ၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများနှင့် ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး  ရတနာတန်းဝင် ကျွန်းပင် ၂၀၀ ၊သစ်ပိတောက် ၃၀ ပင်၊ ယင်းမာ ၇၀ ပင်၊ စုစုပေါင်း ပျိုးပင် ၃၀၀ စိုက်ပျိုးခဲ့သည်။ ဒီဂရီကောလိပ်-စစ်ကိုင်း၌ ယခုမိုးရာသီကာလအတွင်း ပျိုးပင် စုစုပေါင်း ၁၃၀၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရှိသည်။
 

Post Paragraph