ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဖလမ်း နိုဝင်ဘာ ၄
ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများအား ယမန်နေ့မွန်းလွဲပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် တွေ့ဆုံအမှာစကားပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်၊ စားရိပ်သာနှင့်စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ 
ယနေ့တွင် ဒုတိယဝန်ကြီးသည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကလေး-ဖလမ်း လမ်းပိုင်း ၄၃ နှင့် ၄၄ ကီလိုမီတာကြား မြေထိန်းနံရံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအရည်အသွေး ပြည့်မီ‌ရေး အလေးထားဆောင်ရွက်ရန်မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တောင်ဇလပ်ရိပ်သာ အစည်းအဝေးခန်းမ၌ကျင်းပသည့် ဖလမ်းမြို့ခရိုင်နှင့် မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ဖလမ်းမြို့ပြန်လည် ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။ 

video-upload