May 2020

သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ က ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် အဝတ်အထည်နှင့် ပစ္စည်းများအား နယ်စပ်ဒေသများရှိ ဒေသခံပြည်သူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှတစ်ဆင့် ဖြန့်ဝေ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ (D.Litt.) (Ph.D.) သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရထံ ကိုရီးယားသမ္မတနိုင်ငံမှ အလှူရှင် ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းလှူဒါန်းသည့် အဝတ်အထည်နှင့် လူအသုံးအဆောင်ပစ္စည်းများအား မြန်မာနိုင်ငံအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ချင်းပြည်နယ်အတွင်း ဝေးလံခေါင်ဖျားသည့် ဒေသများရှိ ပြည်သူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှတစ်ဆင့် ဖြန့်ဝေရန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ယနေ့နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ

standard