နေပြည်တော် အောက်တိုဘာ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ကရင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့လဲ- တခွက်ဖိုး (ပန်တော်မှီ) ကျောက်လမ်း ၃ မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် မြိုင်ကြီးငူမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိ ၍ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ- မဲသဝေါ ၃၁ မိုင် လမ်းပေါ်တွင် ဆောင်ရွက်လျက် ရှိသည့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကျောက်စီရေမြောင်း၊ မြေထိန်းနံရံ၊ ကျောက်စီ မြေကာနံရံ တည် ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် ဘားအံမြို့ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်း၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ကရင်ပြည်နယ်ဦးစီးမှူးရုံးများသို့ ရောက်ရှိ၍ ရုံး၊ သင်တန်း ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါ သည်။ ယင်းနောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဘားအံ) ခန်းမ၌ ကရင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များ စက်မှုလက်မှုပညာသင်တန်းကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ ကျောင်းသား ၊ ကျောင်းသူများ နှင့်တွေ့ဆုံ၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား အမှာစကားပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
video-upload