နေပြည်တော် မေ ၂၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် နှင့် တာဝန်ရှိသူများသည် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအတွင်း တူးဖော်ဆောင်ရွက်လျက် ရှိသည့် ရေကန်များသို့ သွားသည့်လမ်းများ၊ အထင်ကရနေရာများသို့ သွားသည့်လမ်းများနှင့် ရှေးဟောင်း ဇုန်အတွင်းပါဝင်သည့် ရပ်ကွက် နှင့် ကျေးရွာများအတွင်းရှိ လမ်းများ သပ်ရပ်ကောင်းမွန်စေရေး နှင့် အဆင့်မြှင့်တင်ရေးအတွက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေ့လယ်ပိုင်းတွင် ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ လမ်းများ သပ်ရပ်ကောင်းမွန်စေရေးနှင့် လမ်းအဆင့်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးအား တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြန်လည်တူးဖော် ထိန်းသိမ်းပြီးစီးခဲ့သည့် ဖျောက်ဆိပ်ပင်ကျေးရွာရှိ ဖျောက်ဆိပ်ပင်ကန် အမှတ် (၁၊ ၂၊ ၃)၊ ဖိုးသူတော်ကန်၊ မြောက်တစ်ဝက်ကန်၊ ကိုမောက်ကန်၊ ကန်သစ်ကြီးကန် နှင့် သူဌေးကန်ကျေးရွာရှိ သူဌေးကန်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်မည့် တုရင်တောင်မှ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည့် တုရင်တောင်-ဝက်ကြီးအင်းချောင်း - ဧရာဝတီမြစ် ရေလမ်းကြောင်း (၂) ဆောင်ရွက်မည့် အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဒေသအတွင်း တူးဖော်ဆောင်ရွက်လျက်ရှိသည့် ရေကန်များနှင့် ရှေးဟောင်းဇုန်အတွင်း ပါဝင်သည့်လမ်းများ ကြည့်ရှုူစစ်ဆေး
Post Paragraph
Paragraph Images