ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ရှေးဟောင်းရေကန်များ တူးဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၅
   နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ယမန်နေ့နံနက်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လမ်းများအဆင့်မြှင့်တင်ခြင်း နှင့် ရှေးဟောင်းရေကန်များ တူးဖော်ဆောင်ရွက်နေသည့်အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။
   ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ အာနန္ဒာ ဘုရားလမ်းဆုံမှ မင်းနန်သူကျေးရွာ အဝင်လမ်း၊ မိုးကုတ်ရိပ်သာ နောက်ကျောမှ ရွှေဆံတော် ဘုရား လမ်း၊ ဓမ္မရံကြီးဘုရားမှ ဓမ္မရာဇကဘုရားသွားလမ်း၊ ဘူးလယ်သီးဘုရားအဝင်လမ်းမှ အာနန္ဒာ ဘုရား-မင်းနန်သူရွာအဝင်လမ်း၊ သရပါဂိတ်မှ ရွှေကွန်ချာဘုရားသွားလမ်း၊ ရွာဟောင်းကြီး-အနန္ဒ မေတ္တာဘုန်းကြီးကျောင်း-အာနန္ဒာဘုရားလမ်း၊ သူဌေးကန်ကျေးရွာအဝင်လမ်း၊ တောင်ဘီရွာနှင့် ရင်မနားဘုရားသွားလမ်း၊ သိကြားပုန်းဘုရားသွားလမ်း၊ အာနန္ဒာဘုရားလမ်းဆုံမှ သရပါ ဂိတ် (ညောင်ဦး-ချောက်ကား လမ်းဟောင်း)၊ ကျောက်မျက်မှော် ဘုရားအဝင်လမ်း၊ ချောက်-စဥ့်ကူ လမ်းမကြီးမှ ဘုရားအမှတ် (၁၀၆၂) ဘုရားအဝင်လမ်း၊ ချောက် - စဥ့်ကူလမ်းမကြီးမှ စေတနာကြီး ဘုရားအဝင်လမ်းတို့ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
    ထို့နောက် ကမ္ဘာ့အမွေအနှစ်ယဉ်ကျေးမှုအမွေအနှစ်များ မထိခိုက်စေရန် စိစစ်အကြံပြုချက် များနှင့်အညီ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်း ရေကန် များဖြစ်သည့် ကုသိနာရုံကန်၊ ကန်သစ်ကြီးကန်၊ မြေနှဲလေးကန်-၁၊ ကန်ရှည်လျားကန်တို့ကို ပြန်လည်တူးဖော်ပြုပြင် ထိန်းသိမ်းမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
    ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လမ်းများ အဆင့် မြှင့်တင်ပေးခြင်းဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ ပိုမိုကောင်းမွန်၍ ပုဂံဒေသအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်ကာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph