ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဒုတိယအကြီးအကဲ Mr. Ichiro MARUYAMA လာရောက်တွေ့ဆုံ

အောက်တိုဘာ ၃ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံရုံးမှဒုတိယအကြီးအကဲ Mr. Ichiro MARUYAMA သည်ယနေ့ နေ့လည်(၂) နာရီ အချိန်တွင် ဒုတိယဝန်ကြီး၏ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေ များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေး နေမှု အစားထိုးသီးနှံ စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံပိုမို ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။