ဒုတိယဝန်ကြီးဗိုလ်ချုပ်ခွန်သန့်ဇော်ထူး ရခိုင်ပြည်နယ်စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်စစ်ဆေး

စစ်တွေ ဇူလိုင် ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြိုကျပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်မင်္ဂလာကြိုးတံတား ပေ ၃၂၀ ပြုပြင်တည်ဆောက်ပြီးစီးမှုကို သွားရောက် စစ်ဆေးသည်။ အဆိုပါ တံတားကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေ စုစုပေါင်း ၇၉ ဒသမ ၆၅၉ သန်းဖြင့် ကုန်ကျခံ ပြုပြင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသို့ သွားရောက်ကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ ရွာသစ်ကေ ကျေးရွာမှ ဇော်မတက်-ကံ့ကော်ကျွန်း ကျေးရွာချင်းဆက်လမ်း ၁၈ ‌ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အလားတူ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဇူလိုင် ၂၂ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ပျက်စီးခဲ့သည့် စစ်တွေမြို့ လောကာနန္ဒာစေတီတော် ခြံစည်းရိုးအုတ်တံတိုင်းနှင့် စေတီရင်ပြင်တော် အုတ်တံတိုင်း ပြုပြင်တည်ဆောက်မှု၊ မဟာဝေယန် သာသနာ့ဗိမာန်တော် အဆောက်အဦ ပြန်လည် ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးကာ အလှူငွေများပေးအပ်ခဲ့ပြီး စစ်တွေမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

video-upload