၁။ တော်လှန်ရေးကောင်စီ၏ ၅-၂-၁၉၆၄ရက်နေ့တွင် ကျင်းပခဲ့သော (၆၅)ကြိမ်မြောက် အစည်းအဝေးက တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးကို အထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို ၂၀-၁၀-၁၉၆၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။
၂။ ၁၉၉၁ ခုနှစ်၊ မေလ(၂)ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့အ စည်းအဝေးအမှတ်စဉ်(၁၈/၉၁)အရ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌရုံး၏ ၁၀-၅-၁၉၉၁ ရက်စွဲပါ စာအမှတ်၊ ၀၁/နဝတ(ဥ) စဝ-၁၈ ဖြင့် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးခဲ့ပြီး အရာထမ်း (၁၁၂)၊ အမှုထမ်း (၄၀၀)ဦး၊ စုစုပေါင်း (၅၁၂)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
၃။ ၁-၄-၂၀၁၂ ရက်နေ့တွင် တက္ကသိုလ်အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ လွှဲပြောင်း ရယူပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သင်ကြားလေ့ကျင့်မှု လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရေးအတွက် အရာထမ်း (၁၈၇)ဦး၊ အမှုထမ်း(၃၆၄)ဦး၊ စုစုပေါင်း (၅၅၁)ဦးဖြင့် ၁၅-၁-၂၀၁၅ ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၅)ဖြင့် တက္ကသိုလ်ဖွဲ့စည်းပုံအား ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။