ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ရည်ရွယ်ချက်

       ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ရည်ရွယ်ချက် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမို စည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်။
  • ပါတီနိုင်ငံရေးကင်းစင်ပြီး စာရိတ္တနှင့်ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်။
  • နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် လိုအပ်သည့် ဦးဆောင်နိုင်စွမ်းရည်မြှင့်တင်ရန်။
  • ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးမှုလုပ်ငန်းများအောင်မြင်မှုကိုရှေးရှု၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်လိုသည့် စိတ်ဓာတ်မွေးမြူပေးရန်။
  • ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး   တည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သောလူငယ်များ ဖြစ်လာစေရန်။