တာချီလိတ်၊ ဒေသဖွံ့ဖြိုးရေး
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းလပ်မြို့၊ ဝမ်းကျင်း-ကျဘိုခမ်းသွားလမ်း ကျောက်ချောလမ်းခင်းခြင်းနှင့် အဆိုပါ လမ်းပေါ်တွင် Box Culvert သုံးစင်းတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းလပ်မြို့ ဝမ်းကျင်း-ကျဘိုခမ်းရွာသွားလမ်း ကျောက်ချောလမ်း ခင်းခြင်းနှင့် အဆိုပါလမ်းပေါ်တွင်း Box Culvert သုံးစင်းတည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၀၉ ဒသမ ၈၄၅ သန်းဖြင့် ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (တာချီလိတ်) မှ ကြီးကြပ်၍ မိုင်းယောင်းတောင်ပေါ်သား ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
ကျိုင်းလပ်မြို့ ဝမ်းကျင်း-ကျဘိုခမ်းရွာသွားလမ်း ကျောက်ချောလမ်းခင်းခြင်းသည် အရှည် ၁/၁ မိုင် ရှိပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကြောင့် ကျိုင်းလပ်မြို့နှင့် တာချီလိတ်မြို့များသို့ အချိန်တို အတွင်း သွားလာနိုင်မည်ဖြစ်ရာ ပညာရေး၊ ကျန်းမာရေးကိစ္စများတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ဒေသထွက်ကုန်ပစ္စည်းများကို မြို့ပေါ်စျေးကွက်သို့ တင်ပို့ရောင်းချ ခြင်းဖြင့် ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည် ဖြစ်ကြောင်း သိရသည်။