မေလ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၀၉ ဒသမ ၁၃၈ သန်းဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ သမိန်ဒွတ် - ခရင်း - ကညင်ကတိုက် ကျေးရွာချင်း ဆက်လမ်း ၁၆ မိုင်အနက် ၁ မိုင် ၆ ဖာလုံအား ကျောက်ချော လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ၅ ပေ Box Culvert ၃ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကရင်ပြည်နယ်၊ ကော့ကရိတ် ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးစောထူးနှင့် အဖွဲ့ဝင်များမှ ယနေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း ၁၆ မိုင်အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ကျောက်ချောလမ်းအဆင့်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ရာ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် ဆောင်ရွက်နိုင်ပြီဖြစ်သဖြင့် ကော့ကရိတ် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာ၊ အိမ်ခြေ ၂၁၇၀ အိမ်၊ လူဦးရေ ၁၃၆၃၅ ဦးတို့အတွက် လမ်းပန်း ဆက်သွယ် ရေးများ ယခင်ကထက် ပိုမိုကောင်းမွန်လာပြီး ဒေသအတွင်းရှိ ထွက်ကုန်ပစ္စည်းများအား ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချ နိုင်မည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရှိရသည်။