ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်

ပလက်ဝ မေ ၉
    ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ဆား စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကီမိုခန်းမ၌ ကျင်းပသည်။
    အခမ်းအနားတွင် နယ်မြေခံတပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းက အမှာစကားပြောကြားပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိန်း ၅၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခေါက်ဆွဲခြောက် စသည့်စားနပ်ရိက္ခာပစ္စည်းများနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် ၂၂၁၂၀၀၀၀ စုစုပေါင်းငွေကျပ် ၂၇၁၂၀၀၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခေါက်ဆွဲခြောက်စသည့် ပစ္စည်းများကို နယ်မြေခံ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းနှင့် ဒုတိယ ခရိုင်အုပ်ချူပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး ထွန်းဝေ၊ ခရိုင်လဝကဦးစီးမှူး ဦးဝင်းနိုင်တို့က ‌ထောက်ပံ့ပေးအပ်ကြသည်။
    အဆိုပါအခမ်းအနားတွင် နယ်မြေခံတပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းနှင့် တပ်မတော်အရာရှိများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိ/ဖ များ၊ ယာယီတိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
 

Post Paragraph