သူတို့လေးတွေအားလုံး နေရပ်အသီးသီးသို့ ပြန်လည်ရောက်ရှိ သွားကြပေပြီ။ အချို့က မြစ်ကြီးနား၊ အချို့က ပူတာအို။ ချင်း ပြည်နယ် တောင်ပိုင်း ဒေသ ပလက်ဝမြို့နယ်နှင့် ရှင်းလက်ဝ ဒေသမှ ချင်းတိုင်းရင်းသား တိုင်းရင်းသူလေးများကတော့ အနည်းငယ်နောက်ကျပြီးမှ ရောက်လာသည်။ ပလက်ဝမှ ရှင်း လက်ဝခရီးက တစ်ရက်ခွဲခန့်အချိန်ယူကာ ထပ်၍သွားရ ကြောင်း သိရသည်။ ''ဝ''ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်း မြို့နယ်အတွင်းမှလာသော လေ့လာရေးအဖွဲ့ဝင် ရှမ်း၊ ''ဝ''၊ လားဟူ တိုင်းရင်းသား တိုင်းရင်းသူလေးများသည်လည်း ထိုနည်းနှင်နှင်ပင်။ နေပြည်တော်မှ တောင်ကြီးသို့ တစ်ရက်၊ တောင်ကြီးမှ မိုင်းပျဉ်းသို့ တစ်ရက်၊ မိုင်းပျဉ်းမှ မက်မန်းသို့ တစ်ရက်၊ မက်မန်းမှ သူတို့ရွာများဖြစ်သော ဆွတ်ဝိုး၊ ပန်ပွဲ၊ ငှက်ယောင်း၊ ကွန်ဟောင်းကြီး၊ ဝမ်စလောင်း၊ ရောင်အူ၊ အောင်သံလွင် အစရှိသည့်နေရာများသို့ အရောက်ဆိုလျှင် စုစုပေါင်း သုံးရက်ခွဲခန့်ကြာသောခရီးဖြစ်ပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်များအတွင်းက ပအိုဝ်းတိုင်းရင်းသား တိုင်း ရင်းသူလေ့လာရေးအဖွဲ့ဝင်များကတော့ ပြန်ချိန်အနည်းဆုံး ဖြစ်သည်။ ဇန်နဝါရီ ၁၃ ရက်နေ့၌ပင် နေပြည်တော်မှ မိမိ ကျေးရွာ၊ မိမိအိမ်အရောက် ခရီးပေါက်ခဲ့သည်။ ထိုအဖွဲ့များ ထဲတွင်မှ ပူတာအိုဘက်မှလာသော ရဝမ်တိုင်းရင်းသား တိုင်း ရင်းသူများအတွက်ကတော့ မြစ်ကြီးနား-ပူတာအို လေယာဉ် ခရီးစဉ်တစ်ခု ပိုတိုးသွားခဲ့ရသည်ပဲပေါ့။
လေ့လာရေးအဖွဲ့ဝင် ၁ဝဝ
သူတို့လေးတွေဟု ပြောလိုက်ရခြင်းမှာလည်း အုပ်ချုပ်သူ အဖြစ်လိုက်ပါလာသူ တစ်ဦးတလေကလွဲ၍ ကျန်သူအားလုံး မှာ သက်တူ၊ ရွယ်တူ။ ၁၉၊ ၂ဝ မှသည် ၂၄ ၊ ၂၅ ပတ်ဝန်းကျင် များသာ။ ပို၍ထူးခြားသည်ကတော့ သည်တစ်ခေါက်လေ့လာ ရေးအဖွဲ့ဝင် ၁ဝဝ ဦးထဲမှာ B.E (Mechanical) ဘွဲ့ရ ပအိုဝ်းတိုင်းရင်းသူတစ်ဦး အပါအဝင် ဘွဲ့ရ ၂၂ ဦး၊ တက္ကသိုလ် တက်ဆဲ ၃၂ ဦး၊ တက္ကသိုလ်ဝင်တန်းအောင် ၁၇ ဦး၊ အထက် တန်းဆင့် ၁၅ ဦး၊ အလယ်တန်းဆင့်ခုနစ်ဦး ပါဝင်ခဲ့ပြီး အတန်း ပညာနည်းသူ ခုနစ်ဦးသာ ပါဝင်လာခဲ့ကြောင်း လေ့လာတွေ့ရှိ ရပါသည်။
နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေးခရီးစဉ်များ သွားရောက်ခဲ့ရာတွင် ဇန်နဝါရီ ၁၁ ရက် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်များသို့ သွားရောက်လေ့လာခဲ့စဉ်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နေ့လယ်စာ ဖြင့် တည်ခင်းကျွေးမွေးခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူတို့ကလည်း ဇန်နဝါရီ ၁ဝ ရက်က ညစာဖြင့် တည်ခင်းဧည့်ခံ၍ ဂုဏ်ပြုကြိုဆို နှုတ်ဆက်ခဲ့သည်။
ထိုအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် ''လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက် ပေးရသည့် အဓိကရည်ရွယ်ချက်မှာ အမိနိုင်ငံတော်ကြီး အတွင်း တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမများ ပမာ၊ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ အတူတကွနေ ထိုင်လာခဲ့ကြသည့် မြန်မာတည်းဟူသော တိုင်းရင်းသားများဖြစ်ကြသည့်အတွက် မြန်မာစိတ်ဓာတ်ကိုအခြေခံ၍ ကောင်း မွန်မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်များ ရှင်သန်ခိုင်မာ လာစေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင် ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်မှရရှိသည့် အတွေ့ အကြုံကောင်းများကို မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးရေးအတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန်''ဖြစ်ကြောင်း ထည့် သွင်းပြောကြားခဲ့သည်။
သံယောဇဉ်
နေပြည်တော်မှာ လေးရက်မျှသာ အတူတွေ့ဆုံ နေထိုင်ခွင့် ရခဲ့ကြသော်လည်း ထိုလေးရက်အတွင်း သူတို့အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ သံယောဇဉ်ရှိမှု၊ အပြန်အလှန်လေးစားမှု တို့မှာကား မည်၍မည်မျှဆိုသည်ကို ကိန်းဂဏန်းဖြင့်ဖော်ပြ၍ မရပါ။ နှလုံးသားအသီးသီးတွင် နှောင်ဖွဲ့ရစ်တွယ်သွားသော သံယောဇဉ်နှင့် ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အတွေးအခေါ် စဉ်းစား Óဏ်တို့ဖြင့် ဦးနှောက်တွင် သိုမှီးသွားသော အသိတရားတို့မှ တစ်ဆင့် ရရှိနိုင်သည့် အညွှန်းကိန်းများ ဖြစ်နေ၍ပါတည်း။
ရန်ကုန်၌ရှိစဉ်ကာလ ရိုးရာသြင်္ကန်ပွဲတော် ဆင်နွှဲရန် ဖိတ် ကြားခေါ်ယူခဲ့စဉ်ကမူ ရက်ပေါင်း ၂ဝ ကျော် အချိန်ယူ၍ အတူ တကွနေထိုင်ကာ သြင်္ကန်ယိမ်းအကများတိုက်ကြ၊ မိမိတို့ တိုင်း ရင်းသားရိုးရာအကများကို လေ့ကျင့်ကြ၊ လေ့လာရေးခရီးစဉ် များ သွားကြဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ အချိန် ပို၍ကြာသွားသည်နှင့်အမျှ သံယောဇဉ်ပမာဏကလည်း ပို၍ ပို၍ ကြီးမားသွားသည်မှာ အသေအချာပင်ဖြစ်၏။ ယခုကဲ့သို့ လေးရက်တာ ကာလလေးမှာပင် နတလဝန်ထမ်းများနှင့်အတူ ရင်းရင်းနှီးနှီးနေထိုင်ရင်း၊ ကားတစ်စီးထဲမှာ တိုင်းရင်းသား လူမျိုးအချင်းချင်း အတူသွားလာနေထိုင် လေ့လာကြရင်းမှ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာရချိန်မှာ မျက်ရည်ကျ လာသော တိုင်းရင်းသူလေးများကို တွေ့ခဲ့ရသည်။
ဆန္ဒသဘောထားအမြင်များ
မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေး သော လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ လေ့လာရေးအစီ အစဉ်များ၊ နေထိုင်စားသောက်ရေး အခြေအနေများ အပါ အဝင် လုပ်ငန်းဆောင်တာအရပ်ရပ်အပေါ် သူတို့လေးတွေ၏ တစ်ဦးချင်း ဆန္ဒသဘောထားအမြင်ကို သိလိုသောကြောင့် တောင်းခံကြည့်လိုက်သောအခါ တော်တော်များများက တူညီ သော ထင်မြင်ယူဆချက်၊ အကြံပြုချက်၊ သုံးသပ်ချက်များ ပေးလာကြသည်။ သူတို့ရေးခဲ့သော အကြံပြုချက်လေးများကို ဖတ်ကြည့်ရင်း၊ သူတို့အားလုံး၏ဓာတ်ပုံများ၊ ကိုယ်ရေးအချက် အလက်များ၊ နေရပ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ်များ ပါဝင် သည့် မှတ်တမ်းစာအုပ်လေးကို ပြန်ကြည့်မိသောအခါ သူတို့ ကိုယ်တိုင်ပြောပြနေသလို ခံစားမိသည်။ ကြားယောင်လာမိ သည်။ ကြည့်လေ...။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စတုတ္ထနှစ် (ဥပဒေ)ကျောင်းသား မောင်နော်လာက ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော်များသို့ သွားရောက်လေ့လာရာတွင် လွှတ် တော်ကျင်းပနေချိန်နှင့်တိုက်ဆိုင်ပါက ပို၍ကောင်းပါမည်ဟု အကြံပြုလာသည်။
ဂျိန်းဖောတိုင်းရင်းသူ စတုတ္ထနှစ်(အင်္ဂလိပ်)ကျောင်းသူ မဒါရှီပန်စင်ကလည်း တည်းခိုဆောင်များတွင် နေရာချထား သည့်အခါ ဒေသတစ်ခုချင်းအလိုက် လူမျိုးတစ်မျိုးချင်းအလိုက် မဟုတ်ဘဲ အခြားတိုင်းရင်းသူများဖြစ်သော ချင်း၊ ရှမ်း၊ ''ဝ''၊ လားဟူ၊ ပအိုဝ်းတို့နှင့်အတူ နေရာချထားပေးလျှင် ပို၍ ချစ်ခင် ရင်းနှီးမှုရပါမည်...တဲ့။
အသက်မွေးဝမ်းကျောင်း ပညာရပ်
ပူတာအိုဒေသမှ ရဝမ်တိုင်းရင်းသား A.G.T.I ဒီပလိုမာ ဘွဲ့ရ မောင်တန်ရှင်ဒီးအောင်၏ အမြင်ကတော့ အင်ဂျင်နီယာ ကျောင်းသားပီပီ တစ်မျိုးဆန်းသစ်နေ၏။ လေ့လာရေးခရီးစဉ် ကာလအတွင်း အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခုကို မိမိတို့ဒေသကျေးရွာများမှာ ပြန်လည်အသုံးချနိုင်အောင် သင်ကြားပေးနိုင်က သင်ပေးစေချင်ပါသည်ဟူ၏။ ယနေ့အချိန် အခါတွင် နိုင်ငံတော်အကြီးအကဲများက အသက်မွေးဝမ်း ကျောင်းပညာရပ်နှင့်ပတ်သက်၍ အလေးထားသင်ယူကြရေး လမ်းညွှန်တိုက်တွန်း မှာကြားနေချိန်၌ သူ၏အမြင်ကလည်း နိုင်ငံ၏လိုအပ်ချက်နှင့် တစ်ထပ်တည်းကျနေပါသည်။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်နှင့် စစ်ကိုင်း) တို့တွင် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များအပြင် အင်ဂျင် နီယာဘာသာရပ်ကိုပါ သင်ကြားပေးနေရုံမျှမက အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ၄၄ ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု လက်မှုသင်တန်းကျောင်း ကိုးကျောင်းတို့ကိုပါ ဖွင့်လှစ်သင် ကြားပေးလျက်ရှိပါသည်။
မြို့ရွာအနှံ့အပြား
ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်က ရဝမ်တိုင်းရင်းသူ လေး မဇိန်ဒမ်းဆန်းဇီ၏ အကြံပြုတင်ပြချက်ထဲမှာပါသော 'ကျွန်မတို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမှအပ မည်သည့် မြို့ကြီးများကိုမျှ မရောက်ဖူးပါ'ဆိုတာကို ဖတ်ရသောအခါ စိတ်မကောင်းဖြစ်မိသည်။ ယခုခရီးစဉ်တွင် မြစ်ကြီးနားနှင့် ပူတာအို နှစ်ဖွဲ့ပေါင်း လေ့လာရေးအဖွဲ့သည် မြစ်ကြီးနားမှ နေပြည်တော်အထိ ကားဖြင့် အတူလာရောက်ခွင့်ရသော ကြောင့် လမ်းခရီးတစ်လျှောက် မြို့ရွာပေါင်းများစွာကို တွေ့မြင် ဖြတ်သန်းခဲ့ကြရပေလိမ့်မည်။ ခေတ္တခဏ ကြည့်ရှုနားနေခွင့် ရခဲ့ကြပါလိမ့်မည်။ သို့သော် ကျွန်တော်တို့တစ်တွေ နယ်စပ် ဒေသများပါမကျန် မြို့ရွာအနှံ့အပြားသို့ ရောက်ဖူးနေသလို သူတို့ကိုလည်း ရောက်စေချင်ပါသည်။
အလုပ်အကိုင် အခွင့်အလမ်း
ဟော... ချင်းပြည်နယ် ပလက်ဝနှင့် ရှင်းလက်ဝဒေသမှ ချင်းတိုင်းရင်းသား တိုင်းရင်းသူလေးများ၏ အမြင်ကလည်း တော်တော်များများ တူညီနေကြပြန်ပါသည်။ ရှင်းလက်ဝဒေသ မှ ပထမနှစ်(မြန်မာစာ)ကျောင်းသား မောင်ရဲထက်အောင်က ချင်းပြည်နယ် ပလက်ဝမြို့နယ်သည် ဝေးလံခေါင်းပါးသော ဒေသဖြစ်၍ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန် ဆောင်ရွက်ပေးစေလိုကြောင်း ရေးသားထားပါ သည်။
ပလက်ဝမြို့ မြို့သစ်ရပ်ကွက်မှ ပထမနှစ် (ပထဝီ)ကျောင်း သား မောင်စိမ်းလင်းပိုကလည်း အချို့သောလူငယ်များ ၁ဝ တန်း အောင်ပြီး တက္ကသိုလ်ဆက်မတက်နိုင်သူတွေ များစွာရှိနေပါ သည်။ ထိုကဲ့သို့သောလူငယ်များအတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးပါရန် တင်ပြချက်သည်လည်း အထက် တွင်ဖော်ပြထားသကဲ့သို့ အသက်မွေးဝမ်းကျောင်း ပညာရပ် များဖြင့် ကူညီပေးရန်လိုအပ်နေကြောင်းကို ပြသနေပါသည်။
ခူမီးချင်းတိုင်းရင်းသားလေး မောင်အောင်စိုးထိုက် ပထမ နှစ်(မြန်မာစာ)ကတော့ မက်ဆီတို့၊ နေမာတို့၊ စီရော်နယ်လ်ဒို တို့ကို အားကျသူ၊ အားကစားဝါသနာပါသူ ဖြစ်နိုင်သည်။ ကျွန်တော်အလွန်ရောက်ဖူးချင်နေသော နေပြည်တော် ဝ္ဏသိဒ္ဓိအားကစားကွင်းကြီးကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ဖူးသွား၍ အလွန်ဝမ်းသာသည်ဟု ရေးသားထားသော ကြောင့်ပင်။
ရှင်းလက်ဝမှ ခူမီးချင်းတိုင်းရင်းသူ မထိုက်ထိုက်လွယ် ရေး သားထားသည်ကတော့ မြန်မာ့ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင် သံကြားတို့မှာ လေ့လာကြည့်ရှုရင်း တိုင်းရင်းသားအကတွေ ရိုက်ကူးခွင့်ရလိမ့်မည်ဆိုတာကို အိပ်မက်တောင် မမက်ဖူးခဲ့ပါ ဟူ၏။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လေ့လာရေးအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသူ နန်းမေဦး B.Sc (Zoology) ကတော့ မိမိတို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပိုမိုဖွံ့ဖြိုးတိုးတက် အောင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်ထမ်းရွက်သွား ပါမည်ဟု ကတိပြုထားသည်။
ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာမှ နန်းခင်ထွေး ပထမနှစ် (သင်္ချာ)ကတော့ ယခုလို တိုင်းရင်းသားအားလုံးနှင့် ချစ်ချစ် ခင်ခင် ထပ်မံဆုံစည်းခွင့် ရချင်ပါသေးသည်...တဲ့။
နှလုံးသားထဲမှ သံစဉ်များ
သူတို့လေးတွေ၏ အထက်ပါဆန္ဒပြုချက်လေးများသည် အလွန်ကောင်းမွန်ပါသည်။ ဒေသအကျိုး ဆောင်ရွက်လိုစိတ် များကိုလည်း ထင်ထင်ရှားရှား တွေ့ရသည်။ လိုအပ်ချက် များကိုလည်း သိခွင့်ရလိုက်သည်။ တစ်နည်းဆိုရလျှင် ဤ အကြောင်းအရာလေးများသည် သူတို့၏နှလုံးသားထဲမှ ထွက် ပေါ်လာသော သံစဉ်များဟူ၍ ကျွန်တော်မှတ်ယူပါသည်။ မည် သည့်အခါမျှ ပျောက်ပျက်သွားမည်မဟုတ်ပါ။ ထပ်မံ၍လည်း ကြားချင်ပါသေးသည်။ ထိုသံစဉ်များမှတစ်ဆင့် နိုင်ငံတော် အတွက် လှပသောတေးသွားများကို ဖန်တီးနိုင်လိမ့်မည်ဟူ၍ လည်း အလေးအနက်ယုံကြည်မိပါသည်။ ။
မြင့်စိုး(နတလ)