ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

စက်တင်ဘာလ      ရက်

          ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၈၇ ဒသမ ၅၆၇ သန်းဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်အတွင်းရှိ  မန်ဆာ - ကျွင်ညဲ ကျေးရွာချင်းဆက် မြေသားလမ်း ၈ မိုင်အနက် ၃ မိုင်အား အမာခံလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။

          အဆိုပါကျေးရွာချင်းဆက် မြေသားလမ်း ၈ မိုင်အား နယ်စပ်ရေးရာဝန်ကြီးဌာနက   ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်  အမာခံလမ်း ၂ မိုင်၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အမာခံလမ်း ၃ မိုင်၊ စုစုပေါင်း ၅ မိုင်အား အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့သည်။ ကျန်ရှိသော ၃ မိုင်အား အဆင့်မြှင့်တင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိသည်။