မေလ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၈၉ သန်းဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ နတ်ခုတ် - ဗူးတောင်းလမ်းပေါ်ရှိ ဆင်စွယ် ချောင်းကူး ၄၀ ပေ ကွန်ကရစ်တံတား ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှု အခြေအနေများအား ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် အဖွဲ့ဝင်များ ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးသွားသည့်အတွက် ဗန်းမော်မြို့နယ် အတွင်းရှိ ကျေးရွာ ၈ ရွာ၊ အိမ်ခြေ ၁၃၃၂ အိမ်၊ လူဦးရေ ၄၂၂၁ ဦး အတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာအကျိုးပြုကြောင်း သိရှိရသည်။