
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ မော်တုံးကြီး-တောင်သုံးလုံးကျေးရွာချင်းဆက်လမ်း (၁၁/၀)မိုင် ပြင်/ထိန်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(ထားဝယ်)မှ ဒေသကြီးကြပ်ရေးမှူး ဦးစိုးမင်းအုန်းနှင့် မြိတ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာခိုင်နှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြိတ်ခရိုင်၊ ကျွန်းစု မြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ မော်တုံးကြီး-တောင်သုံးလုံး ကျေးရွာချင်းဆက်မြေသားလမ်း (၁၁/၀)မိုင် ပြင်/ထိန်း လုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အဆိုပါလမ်းပိုင်းကို ဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်ဒေသချိတ်ဆက်၍ ရာသီမရွေးသွားလာနိုင်မည်ဖြစ်ပြီး ကျေးရွာငါးရွာနှင့် ကျေးရွာနေ ပြည်သူများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားကဏ္ဍများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဒေသခံ ပြည်သူများ၏ပြောကြားချက်အရ သိရသည်။



