လဟယ်မြို့နယ် မြေသားလမ်း လေးမိုင် ဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၅၉ ဒသမ ၈၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ပါခွေ-တာမောင်-မခွာလယ်လမ်း ၂၄ မိုင်မှ မြေသားလမ်း လေးမိုင် ဖောက်လုပ်ခြင်းလုပ်ငန်း အရည်အသွေးပြည့်မီစွာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း နာဂဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။
    အဆိုပါလမ်းကို ၂၀၁၈ ခုနှစ် ပထမ ခြောက်လပတ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ငွေကျပ် ၁၁၅၅ ဒသမ ၉၅၄ သန်းဖြင့် မြေလမ်း ၁၇ မိုင်၊ Box Culvert ၃၁ စင်း၊ မြေလမ်းပြင်ထိန်း သုံးမိုင်နှင့် ဘေလီတံတား တစ်စင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
 

Post Paragraph