လဟယ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အထူးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

လဟယ် အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ရေးရာ၀န်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားချက်တွင် မပါ၀င်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့သည့် လုပ်ငန်းများကို ယခု ဘဏ္ဍာနှစ်တွင် အထူးရန်ပုံငွေဖြင့် ဖြည့်စွက်ဆောင်ရွက်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများတွင် ရွှေလောကျေးရွာမှ အိန္ဒိယနယ်စပ် ကျောက်တိုင် အမှတ် (၁၅၁) ထိ ကားလမ်းသစ် ဖောက်လုပ်ခြင်း၊ ဂမ်းည - ယမ်းကြိမ် လမ်းပိုင်းနှင့် ယမ်းကြိမ် - တွေးထွေနောက်ကျော့ လမ်းပိုင်းကို လမ်းအူကြောင်း ရှာဖွေခြင်း၊ လဟယ်မှ-ယမ်းကြုံးထိ (လဟယ်-လောင်ကျန်းနောက်ကုန်း- တိုက်ရံ-လကျန်း-လန်ထိန်-တွေးထွေ နောက်ကျော့-လောင်ဂီး-ယမ်းကြုံး-ဂမ်းည) လမ်းပိုင်းများကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင် ရွက်ရန်အတွက် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံး(လဟယ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်း၊ ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးလတ်ဆက်နှင့်အတူ တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မွှေးကြူဇင်