
လဟယ် ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင်မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ပူးပေါင်းဆောင်ရွက်သည့် သားအိမ်ခေါင်း ကင်ဆာရောဂါနှင့်သားဆက်ခြားနည်းလမ်းကြောင်း သိကောင်းစရာအသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန် လဟယ်မြို့နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာန၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင်လဟယ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌဒေါ်နွယ်နွယ်ထွန်း ကအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဟောပြောပွဲမှာသားအိမ်ခေါင်းကင်ဆာရောဂါနှင့်သားဆက်ခြားနည်လမ်းကြောင်း သိကောင်း စရာများဟောပြောချက်တွေကို လေ့လာမှတ်သားပြီး မိမိတို့ ပတ်၀န်းကျင်အသိမိတ်ဆွေများအား ထပ်ဆင့်ပြန်လည် မျှဝေပေးစေလိုကြောင်းပြောကြားပါသည်။
ထို့နောက် လဟယ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအတွင်းရေးမှူးဒေါက်တာဆုဝေထွန်းမှသားအိမ်ခေါင်းကင်ဆာရောဂါနှင့် သားဆက်ခြားနည်း
အကြောင်းအရာများနှင့် ပတ်သက်၍ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှသိလိုသည်များ မေးမြန်းကြရာ ဒေါက်တာဆုဝေထွန်းက ပြန်လည်ရှင်းလင်းဖြေကြား၍ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
(မြို့နယ်ပြန်ဆက်)

