လှိုင်းဘွဲ့မြို့နယ်၌ သံကူကွန်ကရစ်တံတားများ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

      ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၁၈၅ ဒသမ ၉၃၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား လေးစင်း၊ Box Culvert ၁၈ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ်၊ မိကြောင်-ဖားအိ-သမို-ရောထ-သရီးခို-ဝါးမီးကလား-ရှမ်းရွာသစ်လမ်း ၂၈/၄ မိုင်ပေါ်တွင် သံကူကွန်ကရစ်တံတားပေ ၈၀ တစ်စင်းနှင့် ပေ ၂၀ တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့သဖြင့် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် အနီးပတ်ဝန်းကျင်ကျေးရွာ ၃၁ ရွာ၊ အိမ်ခြေ ၁၈၁၂ အိမ်၊ အိမ်ထောင်စု ၁၉၂၄ စု၊ လူဦး‌ရေ ၁၀၇၉၇ ဦးတို့မှာ ရာသီမရွေးသွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

Post Paragraph