လွိုင်လင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

 

စက်တင်ဘာလ      ရက်

          ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၀၈၅ ဒဿမ ၅၇၁ သန်းဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သည့် ကျောက်လမ်း ၅ မိုင်၊ အမာခံလမ်း ၃ မိုင် ၆ ဖာလုံ ကတ္တရာထပ်ပိုးလွှာ ၆ ဒဿမ ၆ ဖာလုံ၊ Box Culvert ၂ စင်း၊ Pipe Culvert ၃ စင်း၊ မီးသွယ်တန်းခြင်း ၁ ခုနှင့် ဆိုလာမီး ၉၀ စုံ ထောက်ပံ့ခြင်းလုပ်ငန်းများ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

          အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုကြောင့် လွိုင်လင်ခရိုင်အတွင်း လမ်းပန်း ဆက်သွယ်မှုနှင့် လျှပ်စစ်မီးရရှိမှု ပိုမိုကောင်းမွန်လာပြီး လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုလျက်ရှိကြောင်းသိရသည်။