လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ အခမ်းအနား တက်ရောက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်မှ လူငယ်အဖွဲ့များ နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၀
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အခမ်းအနားတက်ရောက်ရန်အတွက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ် အဖွဲ့များနှင့် အုပ်ချုပ်သူများကို သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများက တည်းခိုရာစုရပ်၌ နွေးထွေး လှိုက်လှဲစွာ  ကြိုဆိုနှုတ်ဆက်ကြသည်၊၊
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လူငယ်အဖွဲ့များအား လူငယ်ငြိမ်းချမ်းရေးဖိုရမ် အစီအစဉ်များ၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တည်းခိုနေထိုင်စားသောက်ရေး အဆင်ပြေစေရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph
video-upload