လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အခမ်းအနား တက်ရောက်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်မှ လူငယ်အဖွဲ့များ နေပြည်တော်သို့ ဆက်လက်ရောက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၁
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အခမ်းအနားတက်ရောက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်အဖွဲ့များနှင့် အုပ်ချုပ်သူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ဆက်လက်ရောက်ရှိကြရာ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ   အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများက တည်းခိုရာစုရပ်၌   နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်၊၊ 
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက လူငယ်အဖွဲ့များအား လူငယ်ငြိမ်းချမ်းရေးဖိုရမ် အစီအစဉ်များ၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး တည်းခိုနေထိုင်စားသောက်ရေး   အဆင်ပြေစေရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 

video-upload